NAN
Tuesday, 20 September 2011
အဝေး မှ အနီး သို့ တမ်းချင်း
-အချိန်ဆိုတဲ့ သမားက
မစွမ်းတာလား။
ဒဏ်ရာကပဲ
အဆိပ် ပြင်းတာလား။
ခုချိန်ထိ ရင်ဘတ်တွေထဲ
မုန်တိုင်း ထန်ဆဲပါ။
-ညတွေက တိမ်ဆိုင်အားကိုးနဲ့
လမင်း နဲ့ တာရာတွေကို
ထိပ်တုံး ခတ်ထားလေရဲ့။
-ပုဇဉ်းရင်ကွဲတွေရဲ့
တေးသံ နှင့်အတူ
နှလုံးသား အစုစု
လက် အဖက်ဖက်
ထုံထိုင်းနေတဲ့ မျက်စိ အစုံတွေနဲ့
ခဲတံချောင်းတွေကတော့
လေဟာနယ်ကို ကန်သင်းရိုးလုပ်ဖို့
ကိုယ်စီ နေရာ ယူလို့ပေါ့။
-ပြာတာတာ စကားလုံးတွေနဲ့
အကောင်းစား လိမ်းဆီတွေကြောင့်
ဦးခေါင်းအတွင်းက နက်မှောင် ကျော့ရှင်းလို့။
-ကောက်ကြောင်းတခုထဲမှာပဲ
စုတ်ချက်တွေ ဗလပွ
အပ်ကြောင်းထပ်နေတဲ့ ပန်းချီကား
ခုထိတော့ အပြာရောင် အလံ မထူနိုင်သေးဘူး။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment