NAN

ချစ်သူMFEမှ နွေးထွေးစွာ ကြိုဆိုလျှက်ပါ.. အရာအားလုံးကို စွန့်လွတ်ရရင်တောင် သတိရခြင်းကို ငါ..ပိုင်တယ်..

Wednesday, 28 September 2011

နောက်ကျသူ

ငါ့ဘဝမှာ ဘယ်အရာကိုမှ
ရွေးချယ်ပိုင်ခွင့်မရှိခဲ့ပါဘူး၊
နှလုံးသားရဲ့ စေခိုင်းရာ
သူ့ကိုမှ ချစ်မိနေတော့
“ နောက်ကျသူ” ဖြစ်ခဲ့ပြီပေါ့
နောက်ကျသူ တစ်ယောက်ရဲ့ ရလဒ်က
အလွမ်းဆိုရင်လဲ
ဒီအလွမ်းကို မြတ်နိုးစွာ
ထွေးပိုက်ထားမှာပါ…၊
နင် မမှားပါဘူး၊ ငါမမှန်ခဲ့တာပါ
မဖြစ်နိုင်ဘူးဆိုတာကို ကြိုသိခဲ့ပေမယ့်
မျှော်လင့်ခြင်းအိမ်ကလေးထဲမှာ
အလွမ်းကော်ဖီ သောက်ရင်း

ငါ….သူ့ကို ဆက်ချစ်နေအုံးမှာပါ…။ ။




nanwin

Tuesday, 27 September 2011

အလွမ်းများနဲ့ စိုးရိမ်နေသူ

အသက်မဲ့ နေ့များ….
ငါတစ်ယောက်တည်း အထီးကျန်
ညနေလေပြေညုင်းရယ်…
ညင်သာစွာ ရင်ကိုတိုးဝှေ့..
အလွမ်းနဲ့ ငါဟာ ငေးမော…
ဟိုး… အဝေးက တိမ်စိုင်
လေနှင်ရာမျောလွင့်
အိုး……. ချစ်သူ မင်းရော
တိမ်စိုင်တွေလို လေနှင်ရာ
လွင့်မျောသွားမှာလား….။ ။


သီကုံးသူ-- decemberkoko08

ခွင့်လွှတ်ပါတယ်

ကိုယ့်ဘဝမှာ ကိုယ့်ချစ်သူရဲ့ အချစ်သာ…
အမက်မောဆုံး ဆုတစ်ခုပါ…
ကိုယ့်ချစ်သူရဲ့ နှုတ်ခမ်းဖျားလေးက
ထွတ်ပေါ်လာတဲ့ အရမ်းချစ်တယ်ဆိုတဲ့
စကားတစ်ခွန်းကသာ
ကိုယ့်ဘဝရဲ့ ချိုမြိန်ဆုံး သံစဉ်လေးပါ…
ကိုယ့်ချစ်သူ ကျေနပ်အောင် မထားနိုင်တဲ့
ကိုယ့်ဘဝအတွက်…
ကိုယ့်ရဲ့ နှလုံးသားကို တစ်စစီခွဲခဲ့မယ်ဆိုရင်တောင်
ခွင့်လွှတ်ပါတယ်…ချစ်သူ…။ ။




သီကုံးသူ--decemberkoko08