NAN

ချစ်သူMFEမှ နွေးထွေးစွာ ကြိုဆိုလျှက်ပါ.. အရာအားလုံးကို စွန့်လွတ်ရရင်တောင် သတိရခြင်းကို ငါ..ပိုင်တယ်..

Tuesday, 20 September 2011

ချစ်သူ နင့်အတွက်နဲ့ ငါဘဝကို နင့်စိတ်တိုင်းကျ ချယ်လှယ်ပါ
ငါပေးပါမည် နင်အလိုရှိသမျှ ငါ့အသက်ကိုရော နင်လိုချင်ရင် အဆင်သင့်ပါပဲ ချစ်သူ ဘယ်သောခါမှ မပြောင်းလဲဘဲ ချစ်နေမည့် ငါ့အချစ်တွေပါ မိုးမြေဆုံးသည့်တိုင် နင့်အပေါ် ငါရဲ့ချစ်စိတ်တွေ ရှင်သန်နေမှာပါ နင်ကိုယ်တိုင် ချေမှုန်းသည့်တိုင် ငါ့အချစ်က ဘယ်သောအခါမှ သေဆုံးသွားမည် မဟုတ်ပါ ရင်ထဲအမြှစ်တွယ် နင့်ပုံရိပ်တွေ ငါဘယ်လိုကြိုးစား မေ့ပြစ် အချည်းနှီးပါပဲချစ်သူ ခြေကုန်လက်ပန်း ကြိုးစားမေ့ပြောက် မရခဲ့ပါ ငါ့ရင်ထဲကနင့်ပုံရိပ် နင့်ရက်စက်မူ့တွေအား တွေးကြည့်သော်လည်း မုန်း၍မရခဲ့ပါ ချစ်သူ ငါကိုယ်တိုင်သတ်မှသေဆုံးမည့် ငါ့အချစ်တွေကို ငါ့တသက်လုံး ဘယ်သောအခါမှ ငါ့အသေသတ်မည်မဟုတ် နင့်အမုန်းက အဆိပ်တမျှခါးသက်ပါစေ အဲဒီအဆိပ်ကို မြိန်မြိန်စားသုံးလိုက်ရင်း ငါ့ဘဝကို မြုပ်နှံလိုက်မယ် ဘယ်ဘဝရောက်ရောက် ငါဟာနင့်ကိုချစ်ရင်းအသေခံလိုက်မယ်။ ။ ခံစားသီကုံးသူ။ ။ ခရေညို

No comments:

Post a Comment