NAN

ချစ်သူMFEမှ နွေးထွေးစွာ ကြိုဆိုလျှက်ပါ.. အရာအားလုံးကို စွန့်လွတ်ရရင်တောင် သတိရခြင်းကို ငါ..ပိုင်တယ်..

Wednesday, 28 September 2011

နောက်ကျသူ

ငါ့ဘဝမှာ ဘယ်အရာကိုမှ
ရွေးချယ်ပိုင်ခွင့်မရှိခဲ့ပါဘူး၊
နှလုံးသားရဲ့ စေခိုင်းရာ
သူ့ကိုမှ ချစ်မိနေတော့
“ နောက်ကျသူ” ဖြစ်ခဲ့ပြီပေါ့
နောက်ကျသူ တစ်ယောက်ရဲ့ ရလဒ်က
အလွမ်းဆိုရင်လဲ
ဒီအလွမ်းကို မြတ်နိုးစွာ
ထွေးပိုက်ထားမှာပါ…၊
နင် မမှားပါဘူး၊ ငါမမှန်ခဲ့တာပါ
မဖြစ်နိုင်ဘူးဆိုတာကို ကြိုသိခဲ့ပေမယ့်
မျှော်လင့်ခြင်းအိမ်ကလေးထဲမှာ
အလွမ်းကော်ဖီ သောက်ရင်း

ငါ….သူ့ကို ဆက်ချစ်နေအုံးမှာပါ…။ ။




nanwin

Tuesday, 27 September 2011

အလွမ်းများနဲ့ စိုးရိမ်နေသူ

အသက်မဲ့ နေ့များ….
ငါတစ်ယောက်တည်း အထီးကျန်
ညနေလေပြေညုင်းရယ်…
ညင်သာစွာ ရင်ကိုတိုးဝှေ့..
အလွမ်းနဲ့ ငါဟာ ငေးမော…
ဟိုး… အဝေးက တိမ်စိုင်
လေနှင်ရာမျောလွင့်
အိုး……. ချစ်သူ မင်းရော
တိမ်စိုင်တွေလို လေနှင်ရာ
လွင့်မျောသွားမှာလား….။ ။


သီကုံးသူ-- decemberkoko08

ခွင့်လွှတ်ပါတယ်

ကိုယ့်ဘဝမှာ ကိုယ့်ချစ်သူရဲ့ အချစ်သာ…
အမက်မောဆုံး ဆုတစ်ခုပါ…
ကိုယ့်ချစ်သူရဲ့ နှုတ်ခမ်းဖျားလေးက
ထွတ်ပေါ်လာတဲ့ အရမ်းချစ်တယ်ဆိုတဲ့
စကားတစ်ခွန်းကသာ
ကိုယ့်ဘဝရဲ့ ချိုမြိန်ဆုံး သံစဉ်လေးပါ…
ကိုယ့်ချစ်သူ ကျေနပ်အောင် မထားနိုင်တဲ့
ကိုယ့်ဘဝအတွက်…
ကိုယ့်ရဲ့ နှလုံးသားကို တစ်စစီခွဲခဲ့မယ်ဆိုရင်တောင်
ခွင့်လွှတ်ပါတယ်…ချစ်သူ…။ ။




သီကုံးသူ--decemberkoko08

Tuesday, 20 September 2011

ဆုံနိုင်ခွင့်

ရိုးစင်းတဲ. နေ.ရက်တွေ အောက်မှာ ရှင်သန်ရင်း အချစ်တွေတောင် အရောင်တွေခွဲ တတ်လာပြီ..... မြစ်တို. ရဲ. မာယာ နဲ. အနိမ်.အမြင်. တောင်တန်းတွေကြားက ခပ်ဖျော.ဖျော. အပြုံးတစ်ခုကိုလဲ စာတွေ ဖွဲ.တတ်လာခ.ဲ ပါပြီ..... တကယ်ဆိုရင် ... နယ်နမိတ် တွေရဲ. ကြားမှာ " ရင်ခုန်သံ " ကိုအချုပ်ချထားတာ အပြစ်တစ်ခုတော. မဟုတ်ပါဘူး..... မျှော်လင်.ခြင်း ကွင်းပြင်ရဲ. နှလုံးသား ရပ်ဝန်းဆီမှာ ခပ်တိုးတိုး ငိုသံ သဲ.သဲ. ကြားလိုက်ရတယ် ဆုံနိုင်ခွင်. " တဲ. ..... ဆုံမှတ်မရှိတဲ. မျဉ်းဖြောင်.တွေ ကြားမှာ ခုတော.လဲ ... အနားတွေက ညီလို. ... တိုးတိတ် တဲ. ညလေ ပြေအရိပ်အောက်မှာ ခုဆို ... ကဗျာတွေ လဲ အသက်ဝင်ခဲ.ပါပြီ။......။

အဝေး မှ အနီး သို့ တမ်းချင်း

-အချိန်ဆိုတဲ့ သမားက မစွမ်းတာလား။ ဒဏ်ရာကပဲ အဆိပ် ပြင်းတာလား။ ခုချိန်ထိ ရင်ဘတ်တွေထဲ မုန်တိုင်း ထန်ဆဲပါ။ -ညတွေက တိမ်ဆိုင်အားကိုးနဲ့ လမင်း နဲ့ တာရာတွေကို ထိပ်တုံး ခတ်ထားလေရဲ့။ -ပုဇဉ်းရင်ကွဲတွေရဲ့ တေးသံ နှင့်အတူ နှလုံးသား အစုစု လက် အဖက်ဖက် ထုံထိုင်းနေတဲ့ မျက်စိ အစုံတွေနဲ့ ခဲတံချောင်းတွေကတော့ လေဟာနယ်ကို ကန်သင်းရိုးလုပ်ဖို့ ကိုယ်စီ နေရာ ယူလို့ပေါ့။ -ပြာတာတာ စကားလုံးတွေနဲ့ အကောင်းစား လိမ်းဆီတွေကြောင့် ဦးခေါင်းအတွင်းက နက်မှောင် ကျော့ရှင်းလို့။ -ကောက်ကြောင်းတခုထဲမှာပဲ စုတ်ချက်တွေ ဗလပွ အပ်ကြောင်းထပ်နေတဲ့ ပန်းချီကား ခုထိတော့ အပြာရောင် အလံ မထူနိုင်သေးဘူး။